တိုင်းရင်းသားဘာသာ ဗီဒီယိုအစီအစဉ်များ



ကချင်ဘာသာ ဗီဒီယိုအစီအစဉ်



တရုတ်တပ်က မြန်မာနယ်စပ်ဂိတ်အနီး ဗုံးခိုကျင်း လုပ်နေ

  • တရုတ်တပ်က မြန်မာနယ်စပ်ဂိတ်အနီး ဗုံးခိုကျင်း လုပ်နေ၊
  • မြစ်ကြီးနား လူငယ် အထွေထွေသပိတ်၊
  • စစ်ကျွန်ပညာရေးအလိုမရှိ မိုးကောင်းဆန္ဒပြပွဲ၊
  • စစ်ကောင်စီမှ လိုင်စင်မဲ့ယာဉ်တွေ သိမ်းယူနေ၊
  • မိုးမောက် စစ်ဘေးဒုက္ခသည် ၁၀၀၀ ကျော် အရေးပေါ်အကူအညီ လိုအပ်နေတဲ့အကြောင်း မေးမြန်းထားချက်ကို တင်ဆက်ထားပါတယ်။



ကရင်နီဘာသာ ဗီဒီယိုအစီအစဉ်

စစ်ပညာရေးစနစ်ကို ဆန့်ကျင်သွားမယ့် ကျောင်းသားလူငယ်များ

  • ပြည်ပရောက် ကရင်နီလူမျိုးစုတွေ နွေဦးတော်လှန်ရေး ရန်ပုံငွေရှာဖွေ
  • ဒီးမော့ဆိုမြို့နယ်လုံးကျွတ်သပိတ် ကျောင်းသားသပိတ်စစ်ကြောင်းပါဝင်
  • စစ်အစိုးရလက်အောက်က ပညာရေးစနစ်ကို ဆန့်ကျင်သွားမယ့် ကျောင်းသားလူငယ်တွေ အကြောင်း သတင်းဆောင်းပါးကို  .... တင်ဆက်ထားပါတယ်။




ကရင်ဘာသာ ဗီဒီယိုအစီအစဉ်

ထိုင်းရောက် ဖာပွန်မြို့နယ်က စစ်ဘေးဒုက္ခသည်များ

  • KNLA နဲ့ အာဏာသိမ်းစစ်ကောင်စီတို့ အကြားမတ်လ ၂၇ ရက်နေ့ကနေ မေလ ၅ ရက်နေ့အထိ ထိပ်တိုက်ရင်ဆိုင်ပစ်ခတ်မှုပေါင်း ၄၀၇ ကြိမ် ဖြစ်ပွားခဲ့တဲ့အကြောင်းနဲ့အတူ
  • စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ထွက်ပြေးနေကြရတဲ့ ဖာပွန်မြို့နယ်က စစ်ဘေးဒုက္ခသည်တွေအကြောင်း .... သတင်းဆောင်းပါးကို တင်ဆက်ထားပါတယ်။


ချင်းဘာသာ ဗီဒီယိုအစီအစဉ်

မတူပီမှာ ကျေးရွာအုပ်ချုပ်ရေးမှူး လက်မှတ်မပါရင် မြို့ဝင်ခွင့်မပေး

  • မတူပီမြို့ဝင်ဂိတ်တွေမှာ မေ ၉ ရက်ကစပြီး ကျေးရွာအုပ်ချုပ်ရေးမှူးတွေရဲ့ လက်မှတ်မပါရင် မြို့ထဲဝင်ခွင့်မပေးတော့တဲ့အကြောင်း 
  • အာဏာသိမ်းစစ်ကောင်စီက တက္ကသိုလ်တွေ ပြန်ဖွင့်ပေမယ့် ဟားခါးတက္ကသိုလ်မှာ တက်ရောက်သူ မရှိသေး
  • စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပစ်ခတ်လို့ သေဆုံးခဲ့ရတဲ့ အသက် ၁၉ နှစ်အရွယ် ဆလိုင်းဇိုဆန်းလျန်နာအကြောင်း ... သတင်းဆောင်းပါးကို တင်ဆက်ထားပါတယ်။





ရှမ်းဘာသာ ဗီဒီယိုအစီအစဉ်



ရှမ်းပြည် မြို့ကြီးအတော်များများမှာ ဗုံးပေါက်ကွဲမှုတွေ ဆက်တိုက်ဖြစ်ပွား

  • ဧပြီလကစပြီး ရှမ်းပြည်အတွင်း မြို့ကြီးတော်တော်များများမှာ ဗုံးပေါက်ကွဲမှုတွေ ဆက်တိုက်ဖြစ်ပွားနေ
  • သီပေါမြို့မှာ လယ်ယာခြံဆင်းတဲ့ ရွာသားတွေကို သေနတ်သမားတွေက ပစ်သတ်မှုတွေ ဆက်တိုက်ဖြစ်နေ
  • ရှမ်းပြည်အမြို့မြို့အနယ်နယ်က လူငယ်တွေဟာ ရတဲ့နည်းနဲ့ စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒထုတ်ဖော်နေ
  •  ရှမ်းပြည်မြောက်ပိုင်း တိုက်ပွဲကြောင့် စစ်ရှောင်နေရတဲ့အပြင် တပ်သားသစ် ကောက်ယူမှုတွေကြောင့် ရွာသားတွေ ထပ်ရှောင်နေရတဲ့အကြောင်း ... တင်ဆက်ထားပါတယ်။

မွန်ဘာသာ ဗီဒီယိုအစီအစဉ်

ရေးမြို့ NLD အမတ်ဟောင်းနေအိမ်နံဘေး ဗုံးပေါက်

  • ရေးမြို့ NLD အမတ်ဟောင်းနေအိမ်နံဘေး ဗုံးပေါက်ကွဲခဲ့ သတင်းနဲ့အတူ
  • မွန်ဝန်ကြီးတွေ NUG အစိုးရထဲပါဝင်နေတဲ့အပေါ် မွန်ပြည်သစ်ပါတီ ကန့်ကွက်စရာမရှိတဲ့အကြောင်း သတင်းဆောင်းပါးကို ... တင်ဆက်ထားပါတယ်။





ရခိုင်ဘာသာ ဗီဒီယိုအစီအစဉ်

စစ်‌ကောင်စီနှင့် လမ်းခွဲမည့် ကိစ္စ ANP ထိပ်ပိုင်းကြား သဘောထားကွဲလွဲနေ

  • ရခိုင်ပြည်အမျိုးသားကောင်စီ ANC နှင့် KNU တို့ ပူးပေါင်းပြီး တပ်မတော်တပ်စခန်းကို ဝင်တိုက်၊
  • ရခိုင်မြောင်ပိုင်း ကျောက်တော်မှ ပလက်ဝသို့ ဆန် တင်ဆောင်ခွင့် ပိတ်ပင်ခံထားရ၊
  • မီးရှို့ခံရတဲ့ ဘုရားပေါင်းရွာမှာ နေအိမ် ၈၁ဆောင်အနက် ၂၀သာဆောက်လုပ်ပြီးစီးသေး၊
  • မိုစစ်‌ကောင်စီနှင့် လမ်းခွဲမည့် ကိစ္စ ANP ထိပ်ပိုင်းကြား သဘောထားကွဲလွဲနေ စတဲ့ သတင်းဆောင်းပါးကို တင်ဆင်ထားပါတယ်။
View Full Site